top of page
Search

“ အောင်မြင်တဲ့ B2B လုပ်ငန်း​တစ်ခု ဖြစ်ဖို့ ကျော်ဖြတ်ရမယ့် အစာချေဖြတ်မှုအဆင့် ၅ ဆင့် “

“ အောင်မြင်တဲ့ B2B လုပ်ငန်း​တစ်ခု ဖြစ်ဖို့ ကျော်ဖြတ်ရမယ့် အစာချေဖြတ်မှုအဆင့် ၅ ဆင့် “ ကျွန်တော် ဒီနေ့ အောင်မြင်တဲ့ Lead nurturing process တစ်ခုဖန်တီးဖို့ လိုအပ်တဲ့ အချက်၅ ချက်ကို ပြောပေးသွားမှာဖြစ်ပါတယ်....... * နံပါတ် ၁ အနေနဲ့ လုပ်ရမှာက သင့်ရဲ့ Audience တွေကိုတိတိကျကျ ခွဲခြားသတ်မှတ်ရမှာဖြစ်ပါတယ်... B2B Company တွေမှာများသောအားဖြင့် customer တွေဟာ type အမျိုးမျိုးရှိနိုင်ပါတယ်။ ဆိုလိုတာက အချို့က educated ဖြစ်ကြပြီး ၊ အချို့ကတော့ ကိုယ့် product နဲ့ ပတ်သက်ပြီး educated လုပ်ပေးဖို့ လိုအပ် တာတွေလဲရှိကြပါတယ်။ ဒီတော့ သင့်အနေနဲ့ ပထမဆုံးစဥ်းစားရမှာက ဘယ် customer ကို ဘယ် Message ပေးမလဲဆိုတာ လုံးဝအရေးကြီးပါတယ်။ ဆိုလိုတာက educated ဖြစ်တဲ့ customer ဆိုရင်တော့ ဘယ်လို Content/ Message ပေးမှာလဲ ? educated မဖြစ်တဲ့သူဆိုရင်ကော ဘယ်လို Content / Message ပေးမလဲဆိုတာအစီအစဥ်တကျ စီစဥ်ထားဖို့လိုအပ်ပါတယ်။ * နံပါတ် ၂ အနေနဲ့ လုပ်ရမှာက သင့်ရဲ့ deal account တွေကို တန်ဖိုးရှိတဲ့အရာတွေအရင်ပေးပါ၊ တွေ့တွေ့ ခြင်းစျေးစ မရောင်းပါနဲ့ ဒီအချက်ကလဲ အရေးကြီးတဲ့ အချက်ပါပဲ သင်ကိုယ့်သင် ဝယ်သူ တယောက်အနေနဲ့ အရင်စဥ်းစားကြည့်ပါ ။ အကယ်၍ သင့်ကို တစ်ယောက်ယောက်က စျေးလာရောင်းနေတာကို သိမယ်ဆိုရင် တော့ အနည်းနဲ့အများ စိတ်ညစ်မှာအမှန်ပါပဲ ။ပြီးတော့ ဒီလူနဲ့လဲ စကားဆက်မပြောချင်တော့မှာအမှန်ပါ။ ဒီတော့ကိုယ်က ကိုယ့်ရဲ့ lead တွေကို communicate လုပ်တဲ့အခါသူ့တို့ကို တခုခု Value ရှိတဲ့အရာအရင်ပေးဖို့ က အရေးကြီးပါတယ်။ ဒီနေရာမှာတန်ဖိုးရှိတဲ့ အရာဆိုတာ တန်ဖိုးကြီး လက်ဆောင်တွေကို ​ပြောတာမဟုတ်ပါဘူး။ ဆိုလိုတာကသူတို့ business အတွက် လိုအပ်မယ် ၊သို့မဟုတ် သူတို့လိုချင်မယ် ထင်တဲ့ webinarsတို့ ebooks တို့ whitepaper တို့ပေးသင့်ပါတယ်။ ဒီအရာတွေမှ တစ်ဆင့်သင့်ရဲ့ product or service က သူတို့အတွက် အရေးပါကြောင်း တဖြည်းဖြည်းပြောပြသွားဖို့လိုအပ်ပါတယ်။ ဒါကြောင့် B2B လုပ်ငန်းတွေမှာ nurturing ပိုင်းက အရေးကြီးကြောင်းပြောပြခဲ့တာဖြစ်ပါတယ်။ * နံပါတ် ၃ အနေနဲ့ လုပ်ရမှာကသင့်ရဲ့ Email တိုင်းကို Objectives နဲ့ Goals တွေသတ်မှတ်ပေးထါးရမှာဖြစ်ပါတယ် ကျွန်တော်တို့ဟာ ကိုယ့် Business ကို စတင် တည်ထောင်ပြီဆို ကထဲက Smart Goals တွေ Objective တွေချရပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ တစ်ဦးချင်ဆီကလဲကိုယ့်ဘဝတွေအတွက် Goals တွေ Objectives တွေချကြပါတယ်။ဒီလိုပဲ ကျွန်တော်တို့ လုပ်တဲ့ အလုပ်တိုင်းမှာ objective တွေ goal တွေကို set လုပ်ရမှာဖြစ်ပါတယ်။ ဒီတော့ သင် email ပို့တဲ့အခါ subject line မှာဘာရေးမှာလဲ Call to Action အနေနဲ့ email လက်ခံသူကို ဘာလုပ်ပေးစေချင်တာလဲ ကိုယ်ရေးထားတဲ့ content အမျိုးအစားကဘာလဲ ကိုယ်ပို့မယ့် email ရဲ့ရည်ရွယ်ချက် ဘာလဲ သိဖို့ လိုအပ်ပါတယ် အောက်မှာ ဥပမာနဲ့တကွလဲ ဖော်ပြထားပါမယ်။ တစ်ခု အရေးကြီးတာက အချိန်တစ်ခု setလုပ်ဖို့လိုပါမယ်၊ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ goals တွေ objectivesတွေက ဘယ်အခြေအနေထိရောက်ပြီလဲ ထိရောက်ရဲ့လားစသည်ဖြင့် တိုင်းတာဖို့ရန်အတွက်ဖြစ်ပါတယ်..... * နံပါတ် ၄ အနေနဲ့လုပ်ရမှာက သင့် Emails တွေရဲ့ Timeline ကို Set Up လုပ်ရမှာပါ သင် အနေနဲ့ ပြင်ဆင်ရမယ့် Email Message တွေကို အစီအစဥ်တကျနဲ့ပေးနိုင်ဖို့ ကြိုပြီး set လုပ်ထားရမှာဖြစ်ပါတယ်။ကျွန်တော် အပေါ်က စာတွေမှာပြောခဲ့သလို မိမိရဲ့ lead တွေမှာ educated ဖြစ်တဲ့သူရှိသလို educated မဖြစ်တဲ့သူတွေလဲရှိနေနိုင်ပါတယ်။ ဒီတော့ ပေးရမယ့် Message တွေက အစီအစဥ်တကျရှိနေဖို့လိုအပ်သလို ​ဖြစ်နိုင်တဲ့အခြေအနေတွေကိုလဲကြိုတင်ပြင်ဆင်ထားဖို့လဲလိုအပ်ပါတယ်။ ဥပမာ educated ဖြစ်တဲ့ lead ဆိုတာဘယ်လိုတိုင်းတာမလဲ ၊ တိုင်းတာလို့ရလာတဲ့ lead တွေကို ဘယ် Message တွေ ပေးမှာလဲ။ email နဲ့ပို့မှာဖြစ်လို့ ဖွင့်ဖတ်ဖြစ်ခဲ့ရင် ဘယ်လိုဆက်လုပ်မလဲ? ဖွင့်မဖတ်ဖြစ်ခဲ့ရင် ဘယ်လိုဆက်လုပ်မလဲ? စတာတွေကိုကြိုတင်စဥ်းစားထားပြီး ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။ Sales မှာ rush မဖြစ်စေဖို့အတွက် အရေးကြီးပါတယ်။ * နံပါတ် ၅အနေနဲ့ လုပ်ရမှာက အပေါ်ကအချက်တွေဟာ ဘယ်လို အောင်မြင်လဲဆိုတာ သင့်ကိုယ်သင် အကဲ ဖြတ်ရမှာဖြစ်ပါတယ် အပေါ် က အချက်တွေမှာပြောသလို CTAs တွေအလုပ်ဖြစ်လား သင်ဒီ method တွေ စသုံးပြီးနောက်ဘာတွေတိုးတက်လာသလဲ ။lead တွေ generate လုပ်လာနိုင်ပြီလား?,Inbound call တွေများများဝင်လာပြီလား?, conversion rate တွေ တက်လာပြီလား? စသည်ဖြင့် ဘယ်လောက် effective ဖြစ်သလဲဆိုတာတွေကို ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ #YeThaw




 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

09-796534379

©2020 by Ye Thaw Sharing. Proudly created with Wix.com

bottom of page