Sharing Links
- yethawpro7
- Oct 31, 2020
- 2 min read
ကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာကတော့ ကျွန်တော် subscribe လုပ်ထားတဲ့ Youtube link တွေကို sharing လုပ်ပေးလိုက်ရပါတယ်။ ဒီ linkတွေကတော့ sales,Marketing,Digital Marketing နဲ့ business နဲ့ဆိုင်တဲ့ linkတွေပဲဖြစ်ပါတယ်။အောက်မှာ အသေးစိတ် ရေးပေးထါးပါတယ်ခင်ဗျ....
1.Danlok
Danlok ကို 1981 ခုနှစ်မှာ Hong kong မြို့မှာမွေးခဲ့ပါတယ်။ သူဟာ ၁၄နှစ်သားမှာ Canada မှာ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ပြီး သူ့အသက် 16နှစ်မှာ သူ့မိဘ တွေ ကွာရှင်းခဲ့ပါတယ်။သူ့အမေနဲ့သူဟာ သူ့အဖေ ပိုက်ဆံ ဆက်မထောက်ပန့်တော့လို့ အိမ်ခန်းကျဥ်းလေးထဲမှာ နေခဲ့ဖူးတယ်လို့ interview တစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ သူဟာ မအောင်မြင်ခင်အချိန်က business 13ခုလောက်မှာ အရှုံးပေါ်ခဲ့ဖူးပါတယ်။အခုဆိုရင်တော့ သူဟာ Millionaire တယောက်ဖြစ်နေပါပြီ။သူဟာ အခုလက်ရှိမှာ Business Mentor အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေပြီး စာရေးဆရာလဲ ဖြစ်ပါတယ်။သူရဲ့နောက်ဆုံးထွက်ရှိထားတဲ့ စာအုပ်ကတော့ " unlock it " ဖြစ်ပါတယ်။သူ့ရဲ့ Youtube Channel ကနေ sales,closer နဲ့ business sharingတွေများစွာရရှိတာမို့ subscribe လုပ်ထားသင့်ပါတယ်
Link is here https://www.youtube.com/results?search_query=Danlok
2.Brian Tracy
Brian Tracy ကို 1944 ခုနှစ်မှာ Canada နိုင်ငံမှာမွေးဖွားခဲ့ပါတယ်။သူဟာ အောင်မြင်တဲ့ စာရေးဆရာတယောက်ဖြစ်ပြီး သူရဲ့ အကျော်ကြားဆုံးစာအုပ်၃အုပ်ကတော့ Earn What You're Really Worth,The Psychology of Achievement နဲ့ Eat That Frog! တို့ပဲဖြစ်ပါတယ်။သူဟာ Brian Tracy Company ရဲ့ CEO တယောက် ဖြစ်ပါတယ်။ သူရဲ့ Youtube channel ကနေ Psychology of selling တို့ Leadership တို့ Self-esteem တို့ကိုလေ့လာနိုင်တာမို့ subscribe လုပ်ထားသင့်ပါတယ်။
Link is here https://www.youtube.com/user/BrianTracySpeaker
3.Simon Sinek
Simon Sinek ကိုကျွန်တော်စသိခဲ့တာကတော့ သူရဲ့ golden circle ကြောင့်ပါ ။ Why How What ဆိုတဲ့ golden circle နဲ့ စသိခဲ့ပါတယ်။ ဘယ်အရာမဆို why ဆိုတဲ့ ဘာကြောင့် ဆိုတဲ့အရာနဲ့ စသင့်တဲ့အကြောင်းပြောတာကို နားထောင်ရင်းနဲ့စသိခဲ့ပါတယ်။သူလဲ စာရေးဆရာ တစ်ဦးဖြစ်ပါတယ် သူရဲ့စာအုပ်တွေထဲက Start with why ဆိုတဲ့ စာအုပ်ကိုလူကြိုက်များခဲ့ကြပါတယ်။သူဟာ motivational speaker တယောက်လဲဖြစ်ပါတယ်။ဒါကြောင့် သူ့ရဲ့ Youtube channel ကို subscribe လုပ်ထားသင့်ပါတယ်။
4.Dan Pena
Dan Pena ဟာ Danlok ရဲ့ဆရာတယောက်လို့လူသိများတဲ့ ခက်ကြမ်းကြမ်းအဘိုးကြီးတစ်ဦးဖြစ်ပါတယ်။သူဟာ အသက် 70ကျော်ရှိပေမယ့် အခုထိ ကြမ်းနေဆဲပါ သူစကားပြောရင် အဆဲ သံမကင်းလို့ sensative ဖြစ်တဲ့လူတွေကတော့ subscribe မလုပ်သင့်ပါဘူး။
5.Tonny Robbins
Tonny Robbins ကတော့လူသိများမှာပါ။သူဟာ စာရေးဆရာတယောက်ဖြစ်သလို life coach တယောက်လဲဖြစ်ပါတယ်။သူ့ကျော်ကျားခဲ့တဲ့စာအုပ်တွေကတော့ Unlimited Power နဲ့ Awaken the Giant within ပဲဖြစ်ပါတယ်။
6.Gary Vee
Gary ကို 1975 ခုနှစ်မှာ ဆိုဗီရက်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပါတယ်လက်ရှိမှာတော့ american နိုင်ငံသားခံယူထားပါတယ်။ Gary ဟာ သူရဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ wine လုပ်ငန်းကို တနှစ်ဝင်ငွေ 3 million ကနေ 60 million လောက်ထိရအောင်လုပ်ပေးနိုင်ရာကနေစပြီး နာမည်ကြီးခဲ့ပါတယ်။အခုလက်ရှိမှာတော့ social media နဲ့ digital marketing အသိုင်းအဝိုင်းမှာ နာမည်ကြီးပါတယ်။
Link is here https://www.youtube.com/user/GaryVaynerchuk
7.Neil Patel
Neil Patel ကို 1985 ခုနှစ်မှာ London မှာမွေးဖွားခဲ့ပါတယ်။သူဟာ crazy egg နဲ့ hello bar ရဲ့ founder ဖြစ်ပါတယ်။သူဟာ inbound marketing, PPC နဲ့ SEO တွေနဲ ပတ်သက်ပြီး နာမည်ကြီးပါတယ်။Digital Marketing အသိုင်းအဝိုင်းကတော့သိကြပါတယ်။
8.Tom Bilyeu Tom Bilyeu ဟာ Impact Theory ဆိုတဲ့ Program တခုကြောင့်နာမည်ကြီးပါတယ်။ ဒီ program မှာ နယ်ပယ် အသီးသီးက အောင်မြင်တဲ့ သူတွေနဲ့ အမေးအဖြေလုပ်တဲ့ program ဖြစ်ပါတယ်။သူ့ရဲ့ Quest Nutrition Company ဟာလဲ dollor billion နဲ့ချီပြီး တန်တဲ့ company တစ်ခုဖြစ်ပါတယ်။
9.Tim ferris
Tim ferris က 1977 ခုနှစ်မှာ New York မှာမွေးခဲ့တာပါ။ သူက အေးအေးဆေးဆေး စကားပြောတတ်တဲ့သူပါ။ကျွန်တော့အထင် introvert လို့ထင်ပါတယ်။သူ့ရဲ့ the 4 hours work week စာအုပ်နဲ့နာမည်ကြီးပါတယ်။
10. Tai Lopez
Tai Lopez ဟာ influencer တယောက်ဖြစ်သလို entrepeneur တယောက်လဲဖြစ်ပါတယ်။သူဟာ Entreprenueur Magazine က No 1 Social Media Influencer အဖြစ် vote ပေးခြင်းကိုခံခဲ့ရဖူးသူလဲဖြစ်ပါတယ်။
Shark Tank
Shark Tank ကတော့ ကျွန်တော်ကြည့်ဖြစ်တဲ့ channel တစ်ခုပါ entrepeneur တွေအနေနဲ့ သူတို့ရဲ့ product တွေ business တွေကို တိုးချဲ့ဖို့အတွက် သူဋ္ဌေးကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးတဲ့ program တစ်ခုလဲဖြစ်ပါတယ်။အချို့က လက်တွဲခံရပေမယ့် အချို့က အငြင်းခံရပါတယ်။အဓိက က သူတို့ ဒီ သူဋ္ဌေးကြီးတွေကို ဘယ်လို pitch လုပ်သွားသလဲဆိုတာ ကိုလေ့လာလို့ရပါတယ်။
Link is here https://www.youtube.com/watch?v=rJNJBS34ZP8
#Ye Thaw

Comments