top of page
Search

Sales Vs Pro - Sales

မိတ်ဆွေက အခုမှ sales လောက ထဲ ဝင်ဖို့ စဥ်းစားနေသူလား?

မိတ်ဆွေ က အခု sales လောကမှာ လုပ်ကိုင်နေသူ တယောက်လား?

မိတ်ဆွေက sales လုပ်ရတာကို စိတ်ဝင်စားနေတဲ့သူတယောက်လား?

ဘယ်လို ပဲ ဖြစ်ဖြစ် မိတ်ဆွေ ဒီ content ကို ဖတ်နေပြီဆိုရင် မိတ်ဆွေ စိတ်ဝင်စားမှု တစ်ခုခုကြောင့် ဒါမှမဟုတ် မိတ်ဆွေ တစ်ခုခု သိချင်တာရှိလို့ ဝင်လေ့လာတယ်လို့ယူဆပါတယ်။ ဒါကြောင့် သေချာတာတစ်ခုက မိတ်ဆွေ ရဲ့ မျှော်လင့်ချက်နဲ့ တန်ဖိုး ရှိတဲ့ အချိန်ကို ကျွန်တော်တို့ လုံးဝ မဖြုန်းတီး ရက်ပါဘူး။ စစ်တမ်းတွေအရ လူတော်​တော်များများက စာ အရမ်းရှည်ရင် ဖတ်ဖို့ ပျင်းကြပါတယ်။ ဒါပေမယ့် ကျွန်တော် ကြို request လုပ်ချင်တာကတော့ မိတ်ဆွေ သာ sales လောက ကို ချစ်တယ် စိတ်ဝင်စားတယ်ဆိုရင် မိတ်ဆွေ တစ်ဘဝလုံးမှာ တစ်ခါလောက်ဖြစ်ဖြစ် ၁၅ မိနစ်လောက်အချိန် သေချာပေးပြီးဖတ်ပေးပါ။ ဒီစာက မိတ်ဆွေ အတွက် အတွေးတစ်ခု လမ်းစ တစ်ခု တံတား တစ်ခု ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

အရင်ဆုံး..... ကျွန်တော် က 2011 လောက်က စပြီး employee တစ်ယောက် အဖြစ်စတင်ခဲ့ပါတယ်။ ဒီစာလေးဟာ ကျွန်တော့ရဲ့ ၉နှစ်တာအတွေ့အကြုံနဲ့ အမြင်လေးတွေ ထည့်ရေးပေးထါးမှာကြောင့် အချို့ အမြင်ကွဲလွဲမှုများကို ကြိုပြီးတောင်းပန်ချင်ပါတယ်.....

ဒီတော့ မိတ်ဆွေဟာ အရောင်းသမားဘဝကို စိတ်ဝင်စားသည် ဖြစ်စေ အခြေအနေ အကြောင်းကြောင်းကြောင့် ဝင်ခဲ့ရသည်ဖြစ်စေ အခုမှ စဝင်ရသည်ဖြစ်စေ ဝင်ခဲ့ ပြီးပြီ ပဲဆိုကြပါစို့....

ဒီမှာ တချို့ ကတွေးကြပါတယ်။ sales သမားတယောက် sales rep တယောက်ဖြစ်ရတာ ရှက်စရာကောင်းတယ်လို့ တွေးကြတယ်။ တချို့က ဘာအလုပ်လုပ် လဲ မေးလို့ sales & marketing လို့မေးရင် နှာခေါင်းရှုံ့ ကြတယ်။ ဒီလို တွေ ကြိမ်ဖန်များစွာကြုံလာတဲ့အခါ ကိုယ့် အလုပ်ကို သိမ်ငယ်လာတတ်ပါတယ်။ မိမိ လက်ရှိအလုပ်က အရာမဝင်သလို ၊ လူ တော်တော်များများမလုပ်ချင်တဲ့အလုပ်လို တွေးလာကြတယ်။ ဒီတော့ ကျွန်တော် တစ်ခု တောင်းဆိုချင်တာက လုံးဝ အဲ့လိုမဖြစ်ပါနဲ့။ အနည်းဆုံး မိတ်ဆွေ က ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာပါ။ ဒီတော့ မိတ်ဆွေက ဆိုင်ဝန်ထမ်း promoter ပဲဖြစ်ဖြစ် ၊ ကုန်ပစ္စည်းတွေ လိုက်ရောင်းရတဲ့ sales rep ပဲဖြစ်ဖြစ် ၊ service တွေ လိုက်ရောင်းတဲ့ sales rep ပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်နေပါစေ '' you don't give a f*ck whatever you are''.... မိတ်ဆွေ ရဲ့ အလုပ်ကို မိတ်ဆွေ ချစ်ခင်နေသမျှ မိတ်ဆွေ ဘယ်သူ့မှ ဂရုစိုက်စရာမလိုပါဘူး.....

ကျွန်တော်ဘာကြောင့် ဒီလိုပြောတာလဆိုတော့ အကြောင်းရှိ ပါတယ်။ ဥပမာ အနေနဲ့ အခြေ ခံ ကျကျစဥ်းစားကြည့်ရအောင် ပါ... လုပ်ငန်းတိုင်းမှာ မဖြစ်မနေရှိရတာက အရောင်းဋ္ဌာန ဆိုတာ လူတိုင်းသိပါတယ်။ ဘာလို့လဲ ဆိုတော့ economic သဘောတရားအရ ဝင်ငွေနဲ့ ထွက်ငွေ ရှိမှသာ ကုမ္ပဏီက လည်ပတ်နိုင်မှာပါ။ ဒါကြောင့်လဲ Myanmar နိုင်ငံရဲ့ employees list ထဲမှာ sales and marketing dept မှာ လုပ်ကိုင်တဲ့သူ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေ လို လူတွေ အများကြီး ဒီ field မှာ အလုပ်လုပ်နေတယ်ဆိုတာကို မြင်ကြည့်စေချင်ပါတယ်။ နောက်တစ်ချက်က sales ကိုကောင်းကောင်းနားလည်မှသာ marketing က alignment ဖြစ်မှာပါ။ ဆိုလိုတာက မိတ်ဆွေ နောက်ပိုင်း carrier change လုပ်ချင်လို့ Marketing field ကို ပြောင်းမယ်ဆိုရင်တောင် sales မှာအောက်သက်ကြေခဲ့တဲ့ အတွက် customer requirements ကို ကောင်းကောင်းနားလည်ပြီး ပို effective ဖြစ်တဲ့ Marketing strategy တွေကို စဥ်းစားနိုင်မှာပါ.....

Ok ဒါဆို မိတ်ဆွေ အနေနဲ့ အရင်က ကိုယ့် အလုပ်အပေါ်မှာ bad feeling ရှိခဲ့တယ်ဆိုရင် အခုက စပြီး ပြောင်းလဲလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ မိတ်ဆွေနောက်မှာ sales ညီကိုတွေ ဒုနဲ့ ဒေးရှိပါတယ်။

ဆိုတော့ sales အကြောင်းလေးကို ကျွန်တော့ story လေးနဲ့ စပြောရအောင်ပါ။ ကျွန်တော် အလုပ်ထဲ စဝင်ခါစက အရောင်းဆိုတာ လွယ်တယ်လို့ပေါ့ပေါ့တွေးခဲ့ ဖူးပါတယ်။ နောက်ပြီး လူအများမလုပ်ချင်တဲ့ အလုပ်လို့ မြင်ခဲ့မိတယ်။ အဲ့ဒီ အချိန်တုန်းက introvert ဆိုတာဘာလဲ? extrovert ဆိုတာဘာလဲ? လုံးဝမသိခဲ့ပါဘူး.....ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော့မှာ ရွေးချယ်စရာ လုံးဝမရှိတဲ့ အတွက် ကျွန်တော် ဒီလောကထဲ ဝင်ခဲ့တာပါ။ အတိုချုံးပြောရရင် အခက်အခဲတွေက ထုနဲ့ထေးပါပဲ။ ဒီလောကထဲ စစ ဝင်ခါစက မပျော်ခဲ့ဘူး...ဒါပေမယ့် နောက်ပိုင်းမှာ sales ဆိုတာ ကအနုပညာတစ်ခုလို့ မြင်လာတယ်။ လူတိုင်းမလုပ်ချင်တဲ့ အလုပ်မဟုတ်ပဲ လူတိုင်းမလုပ်နိုင်တဲ့အလုပ်လို့ မြင်လာတယ်။ တစ်ချို့က sales က လွယ်လွယ်လေးဘာလို့ပြောနေပေမယ့် တကယ့် တကယ် ဝင်လုပ်ကြည့်တဲ့ အခါ မလွယ်မှန်း သူတို့စိတ်ထဲက သိတယ်။ အောင်မြင်တဲ့ အရောင်းသမားဖြစ်ဖို့ အချိန်ယူရပါတယ်။ စျေးရောင်းတာလွယ်ပေမယ့် စနစ်တကျ ဖြစ်ဖို့က အတော်ခက်တယ်​နော်......

Sales မှာ ပုံမှန်အားဖြင့် Product sale နဲ့ Service sale ဆိုပြီး ၂မျိုးရှိပါတယ်.... တချို့က ပစ္စည်းရောင်းတယ်၊ တစ်ချို့က service ရောင်းပါတယ်.... တခါတလေ ၂မျိုးစလုံးရောင်းတာလဲရှိပါတယ်။ ဥပမာ aircon လဲရောင်းတယ် လိုက်တပ်ဆင်ပေးတါနဲ့ ပြင်တဲ့အပိုင်းလဲ လုပ်တယ် စသည်ဖြင့်ပေါ့ ဒီလိုမျိုး sales ကိုတော့ onestop sales လို့ ခေါ်ပါတယ်......

အဲ့တော့ မိတ်ဆွေသာ အခုမှ sales လောကထဲ စဝင်မယ်ဆိုရင် extrovert လား introvert လားအရင်မေးကြည့်ပါ။ ဒီမှာတော်​တော်များများမေးတဲ့ မေးခွန်းက introvert ဆိုရင်ကော sales လုပ်လို့မရဘူးလားလို့မေးပါတယ်။ ဒီမှာ ကျွန်တော် သူတို့ကို အမြဲ ပြန်မေးလေ့ ရှိတဲ့ မေးခွန်းက '' အကယ်၍ မိတ်ဆွေရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ မိတ်ဆွေ ရဲ့ချစ်သူ ၂ယောက်ထဲက တစ်ယောက်ကို ပဲ ကယ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့ကို အရင်ကယ်မှာပါလဲ? " အဖြေက မိတ်ဆွေပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်တကယ်ပိုနှစ်သက်တာကိုပဲရွေးချယ်ပါ။ မိတ်ဆွေက introvert နေရတာ ပိုကြိုက်တယ်ဆိုရင် introvert life style နဲ့အဆင်ပြေမယ့် carrier ကို changeပါ ဒါမှမဟုတ် မိတ်ဆွေက လောကကြီးကို အလှဆင်မယ့် အရောင်းသမားတစ်ယောက်ဘဝကို ရွေးချယ်မယ်ဆိုရင်တော့ မိတ်ဆွေရဲ့ introvet ဘဝကိုစွန့်လွှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အကျင့်ဆိုတာ ပြင်ယူ လို့ရပါတယ်.... ကျွန်တော်ကိုယ်တိုင်လဲ လုပ်ကြည့်ခဲ့ဖူးလို့ပြောတာပါ...

နောက်တချက်က sales သမားတယောက်ဖြစ်လာပြီဆိုရင် communication skill ကလဲ တထောင့်တနေရာက အရေးပါလာပါပြီ။ ပေါင်းသင်းဆက်ဆံရေးဝန်ဆံ့ ဖို့နဲ့ connection များများရှိတာကလဲနောက်ပိုင်း sales pro ဖြစ်ဖို့ ကောင်းတဲ့အချက်ပါပဲ.....

နောက်တချက်ကတော့ Prospecting skill ပါ ဘာကြောင့်လဲဆိုတော့ တခါတရံ ဖြစ်တတ်တာက ကိုယ် prospect လုပ်တဲ့ customer က တကယ် ဝယ်သူ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကလဲ အရေးကြီးပြန်ပါတယ် ကိုယ့်ရဲ့ prospect မမှန်ကန်ရင်တော့ အလုပ်မဖြစ်နိုင်တာ များလာသလို အချိန်တွေလဲ waste ဖြစ်နိုင်ပါတယ်။ sales မှာ အသက်က incentive ပါ။ဒါကြောင့် မိတ်ဆွေရဲ့ အချိန်တိုင်းက တန်ဖိုးရှိပါတယ်။ အဆိုးဆုံးက ကိုယ်လိုက်နေတဲ့ deal တွေက မရတာများလာတော့ စိတ်ဓာတ်တွေပါ ကျလာစေပါတယ်။ ဒါကြောင့် prospect လုပ်တာမှန်ကန်ဖို့လဲ အရေးကြီးပါတယ်။

နောက်တချက်ကတော့ social selling skill လိုအပ်ပါတယ်။ Sales rep တယောက်အနေနဲ့ social media trend မှာအမြဲ updated မဖြစ်နေရင်တောင် တီးမိခေါက်မိရှိဖို့လိုပါတယ်။ နောက်တချက်က social media channel တွေမှာ မိမိရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ account တစ်ခု သီးသန့်ထားနိုင်ရင်ပိုအဆင်ပြေပါတယ်။ social media လို့ဆိုတဲ့နေရာမှာလဲ facebook တမျိုးထဲမဟုတ်ပဲ Linkedin လိုနေရာမျိုးမှာလဲ account တစ်ခုရှိရင်ပိုကောင်းပါတယ်။sales rep တယောက်အနေနဲ့ Linkedin Sales Navigator လို tools မျိုးကို အခြေခံ သိထားတာကလဲ မဆိုးပါဘူး.....

နောက်တချက်အရေးကြီးတာက presentation skill ပါ။ Presentation ဆိုလို့ projector နဲ့ထို့ပြမှ မဟုတ်ပါဘူး၊ ကိုယ်က customer ကို ​စျေးရောင်းနေတဲ့အချိန်တိုင်းက Presentation လုပ်နေတာပါပဲ။ကိုယ်လုပ်လိုက်တဲ့ presentation က effective ဖြစ်မဖြစ်ဆိုတာ customer response ပေါ်မှာ အများကြီးမူတည်ပါတယ်။ကိုယ်ရှင်းပြနေတဲ့အချိန် customer က အိပ်ငိုက်နေတာက ကိုယ်ပြော တဲ့ အရာတွေ information တွေ သူ့ခေါင်းထဲရောက်မှာမဟုတ်ပါဘူး....

နောက်တချက်က ​တော့ Negotiation skill လဲ လိုအပ်ပါတယ်... customer ကို offer လုပ်တဲ့အခါမှာ customer miss မဖြစ်သွားနိုင် ထိန်းနိုင်တာကလဲ skill တမျိုးပါပဲ။..

နောက်တချက်က collaboration က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က organization တစ်ခု company တစ်ခုမှာ လုပ်တာဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ထဲလုပ်တာ မဟုတ်ပါဘူး ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှုက လို အပ်ပါတယ်။...

Sales မှာ customer satisfaction က အရေးကြီးပါတယ်။ customer တွေဟာ ဘယ်အချိန်မှာ satisfied ဖြစ်လဲဆိုရင်တော့ သူတို့ရဲ့ expectation နဲ့ သူတို့ရဲ့ perception က equal ဖြစ်ရင် satisfied ဖြစ်ပါတယ်။...

Ok ဒါဆို ကျွန်တော်တို့ sales rep တော့ ဖြစ်နေပြီ sales pro ဖြစ်ဖို့ဘာတွေလိုလဲ ဆိုတာ ပြောပြပါမယ်။

Sales pro တယောက်ဖြစ်ဖို့ လိုအပ်တဲ့ အရေးကြီးဆုံးအချက်က အောက်ကပြောမယ့်အချက်တွေက daily routine ဖြစ်ဖို့လိုပါတယ်။

အဲ့တော့ No 1 အချက်က.....

" စကားတွေ အများကြီးမပြောပါနဲ့ "

ဟုတ်ပါတယ် customerက သင့် ကို appointment တွေ့တယ်ဆိုတာ သင့် business အကြောင်းသိချင်တာဖြစ်နိုင်သလို သူတို့တွေ့ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တွေ့တာပါ။ ဒါကြောင့် သူတို့ရဲ့မျှော်လင့်ချက်ကို သင်စကားတွေဖောင်သာဝေအေါင်ပြောပြီးမဖျက်စီးလိုက်ပါနဲ့ ။ သူစိတ်ဝင်စားလို့မေးတဲ့အရာတွေကိုသာ သေချာ အတွင်းကျကျ ရှင်းပြပေးပါ....

No 2

"သင့် product or service ကိုမရောင်းပါနဲ့"

Solution ကိုရောင်းပါ။Professional sales နဲ့ sales rep ရဲ့ အဓိက ကွာခြားချက်က ဒါပါပဲ။ sales rep တစ်ယောက်ရဲ့ စိတ်ထဲမှာတွေးထားတာကလမကုန်ခင် target ပြည့်မှီဖို့နဲ့ incentive များများရဖို့ပဲ စိတ်ထဲရှိပါတယ်။ ဒါကလဲ သူ့ JD လိုဖြစ်နေတာကိုး.... Professional sales or closer တွေက အရောင်းဖြစ်ဖို့ထက် မိတ်ဆွေဖြစ်ဖို့ကို ပိုလိုလားပါတယ်။ ကျွန်တော်တို့ရဲ့ customer ဟာ များစွာဖြစ်နေနိုင်ပါတယ် ဥပမာ business owner ဖြစ်နိုင်သလို company တစ်ခု ဒါမှမဟုတ် organization တစ်ခုရဲ့ Management level or decision maker လဲဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် professional sales တွေက လက်တလော အရောင်းအဝယ်ဖြစ်ဖို့ထက် ကိုယ်နဲ့ appointment တွေ့နေတဲ့သူနဲ့ မိတ်ဆွေဖြစ်ဖို့ကို ပိုလိုလားပါတယ်။ ဘာကြောင့်လဲဆိုတော့ မိတ်ဆွေ ဖြစ်ခြင်းရဲ့နောက်မှာ benefit တွေများစွာရှိနေလို့ပါ။ ဒါကြောင့် အမြဲ consulting လုပ်ပေးပါတယ်။ customer ရဲ့ အမှန်တကယ်လိုအပ်ချက်က ကိုယ့် product or service ဖြစ်မနေဘူးဆိုရင်တောင်customerရဲ့ အမှန်တကယ် လိုအပ်တဲ့ product or service ရှိရာကို လမ်းညွှန်ပေးတတ်​လေ့ရှိပါတယ်။

No 3

" Selling System တစ်ခုထားခြင်း"

ကျွန်တော်ဒီအချက်ကို အရင်က ကျွန်တော့ ဆရာက ပြောပြတဲ့အခါ လုံးဝလက်မခံခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ လေ့လာကြည့်ရသလောက် system ရှိတာနဲ့မရှိတာ သိသိသာသာ ကွာပါတယ်။ဒါကြောင့် system တစ်ခုရှိဖို့လိုပါတယ်။ ဘာကြောင့်ပါလဲ? အဖြေကတော့ selling system တစ်ခုက သင့်ကို format ကျသွားစေပါတယ်။ ဥပမာ script လိုမျိုးပေါ့ telemarketing ဆို ဘယ်လိုပြောမလဲ? လူခြင်းတွေ့တဲ့အခါ ဘယ်လိုမိတ်ဆက်မလဲ? ဘယ်လို မေးခွန်းမျိုးတွေမေးမလဲ? စသည်ဖြင့် ကြိုတင်ပြင်ဆင်တဲ့ အကျင့်ကို နေ့စဥ်လုပ်သွားပေးရင်းနဲ့ အရမ်း pro ကျတဲ့ selling system တစ်ခုကို ရရှိလာမှာပါ။ တစ်ခုသတိထားရမှာကတော့ system ကို အချိန်အခါပေါ်မူတည်ပြီး upgrade လုပ်သွားဖို့လိုပါတယ်။ ဥပမာ 2010 လောက်က customer ကို pitching လုပ်တဲ့ပုံစံနဲ့ 2020 မှာ pitching လုပ်တဲ့ပုံစံ တစ်ပုံစံထဲ တူနေတာက customer ကိုနောက်ပိုင်း ငြီးငွေ့လာစေပါတယ်။ ဒါကြောင့် အချိန်တစ်ခု​ ကြာလာရင်တော့ upgrade လုပ်ပေးပါ။.....

No 4

"Customer နဲ့ မတွေ့ခင် research လုပ်ပါ well prepared လုပ်ပါ"

ဘာကြောင့် ဒီလိုပြောလဲ ဆိုတော့ first impression က အရေးကြီးပါတယ်။ business နှစ်ခု အလုပ်လုပ်ဖြစ်ခြင်းရဲ့ ၈၀%က first impression ကောင်းကောင်းရှိခဲ့လို့ပါပဲ။ ဒါကြောင့် ဖြစ်နိုင်ရင် customer ရဲ့ profile နဲ့ personality ကိုသေချာလေ့လာသွားပါ။ အခုခေတ်က social media တွေပေါနေတော့ လွယ်လွယ်လေ့လာလို့ရနေပါပြီ ။ နောက်တစ်ချက်က ကိုယ်သွားတွေ့မယ့် business nature ကိုလေ့လာသွားပါ။ ဒါမှ ကိုယ် စကားသွားပြောတဲ့အခါ သူတို့ လက်ရှိ တွေ့ကြုံနေတဲ့ အခက်အခဲတွေကို ရင်ဘက်ကြီးနဲ့ခံစားနိုင်မှာပါ..... ပုံမှန်လုပ်သွားရင် အနာနဲ့ဆေး ကို တည့်တည့်ကြီး ပေးနိုင် လာပါလိမ့်မယ်.....

No 5

" မေးခွန်းများများမေးပေးပါ "

ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ ကျွန်တော်တို့သွားတွေ့တဲ့ customer က အခက်အခဲရှိလို့ အချိန်ပေးတွေ့တာပါ။ စစတွေ့ခြင်း မိတ်ဆွေတို့က ဘာ product တွေဖြန့်တယ် ဘာ service တွေလုပ်တယ် ဆိုတာကို စိတ်မဝင်စားပါဘူး။ဒါကြောင့် သူတို့ကို များများ ပေး​ပြောဖို့ စီစဥ်ပါ သူတို့ဘက်က များများပြောမှသာ အခက်အခဲတွေကို လုံးဝ သိရမှာပါ။ ဒီလိုသိရတော့မှ မိတ်ဆွေရဲ့ ဘယ် product or service နဲ့ engaged လုပ်မလဲ စဥ်းစားနိုင်မှာပါ။ များသောအားဖြင့် sales rep တွေက စတွေ့တာနဲ့ ကျွန်တော်ဘယ်သူပါ မိတ်ဆက်ပြီးချိန်ကစလို့ သူတို့ product or service အ​ကြောင်းတွေ တောက်လျှောက်ပြောပါတယ်။ ဒါက customer ရဲ့ interest level ကို နည်းသွားစေပါတယ်။ ဒါကြောင့် ပြောလိုက်တဲ့ စကားတိုင်းမှာ မေးခွန်းပြန်မေးပေးရင်း သူတို့ စိတ်ကို မိတ်ဆွေတို့ဆီက လွတ်မထွက်သွားအောင်ထိန်းထားပါ။

No 6

"Unique ဖြစ်ပါစေ".

Pro sales တွေက အခြား sales တွေထက် မိတ်ဆက်တာက အစ unique ဖြစ်ပါတယ်။ ပုံမှန် sales တွေဆို မိတ်ဆက်တာနဲ့ ကျွန်တော်က ဘယ်ကုမ္ပဏီက ဘယ်သူပါ ဘာရာထူးပါ စသဖြင့် မိတ်ဆက်ပေမယ့် professional sales တွေရဲ့ ထူခြားချက်က ဘယ်လို business တွေကို success ဖြစ်အောင်ကူညီပေးနေပြီး ယခုလက်ရှိအထိ အောင်မြင်တဲ့ business ဘယ် နှစ်ခုရှိနေပြီဆိုတာကို အမြဲထည့်ပြောလေ့ရှိပါတယ်။ ဒါက ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့ impression ပါပဲ....... Customer က အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ်တစ်ယောက်ထဲနဲ့ တွေ့တာမဟုတ်ပါဘူး ကိုယ့် compititor ပေါင်းစုံနဲ့တွေ့တာပါ။နောက်ဆုံးမှ အားလုံးထဲက ကောင်းတဲ့တစ်ခုကိုရွေးခြယ်လေ့ရှိကြပါတယ်။ဒါကြောင့် negotiate လုပ်တဲ့အခါ unique ဖြစ်တာက တပမ်းသာပါတယ်။ အကယ်၍ ကိုယ် business က compititor တွေနဲ့ တူနေမယ်ဆိုရင် စျေးအရမ်းနိုမ်ပြီး deal close လုပ်ရပါပြီ။ ဒါကြောင့် compititor တွေထက် unique ဖြစ်ခြင်း က သင့်ကို smart ဖြစ်စေပါတယ် အယ်လယ့် ။ နောက်တစ်ချက်က customer ကို offer ပေးတဲ့အခါ စျေးနှုန်း လျှော့ပေးဖို့ထက် ကိုယ်က unique ဖြစ်ကြောင်း သိသာအောင် သက်သေပြပေးပါ။

No7

" အရောင်းမဖြစ်မှာ မစိုးရိမ်ပါနဲ့ "

ဒီတချက်က အပေါ်မှာ ပြောခဲ့တဲ့ အချက်နဲ့ နည်းနည်းဆင်တူပါတယ်။ professional sales တွေက customer satisfied မဖြစ်တဲ့ deal တစ်ခုကိုဖန်တီးမယ့်အစား customer satisfied ဖြစ်စေမယ့် ending မျိုးကိုပိုလိုလားပါတယ်။ ဒါကလဲ future အတွက် networking လုပ်တဲ့ ပုံစံမျိုးပါပဲ။ sales rep တွေက ဒီအချက်ကို လက်မခံနိုင်ကြ ပါဘူး။ အရောင်းတစ်ခုဖြစ်အောင် မျိုးစုံသုံးပြီး စျေးလျော့ပေးတါ deal လွတ်သွားမှာကိုစိုးရိမ်တာတွေက long term အတွက် company ကို အဆင်မပြေစေပါဘူး။ ဒါကြောင့် သင့် product or service ကို level တစ်ခုမှာ ရပ်တည်နိုင်ဖို့ယုံကြည်တယ်ဆိုရင် consistency ရှိဖို့လိုအပ်ပါတယ်။

No8

" Be a peer not a servant "

နောက်တစ်ခုက customer တိုင်းကို တန်းတူ ဆက်ဆံပါ customer ကို ကိုယ့်ရဲ့ vvip ဖြစ်တယ်ဆိုတာမျိုး မသိစေပါနဲ့ ဒီအချက်က public မှာပြောရတာ သိပ်အဆင်မပြေပါဘူး ဒါကြောင့် ဒီလောက်ဆို သဘောပေါက်မယ်ထင်ပါတယ်။

No 9

" Always be learning "

ကျွန်တော်တို့ တသက်လုံး လေ့လာနေရမှာ ဖြစ်ပါတယ်။အရင်ကလဲ လေ့လာခဲ့သလို အခုလဲ လေ့လာနေဆဲ နောင်လဲ လေ့လာနေရဦးမှာပါပဲ။ Professional Sales တွေရဲ့ key က သူတို့မသိသေးတဲ့အရာတွေကို အမြဲမပျက်လေ့လာပါတယ်။ ဒါကလဲ sales rep နဲ့ professional sales ကွာခြားချက်ထဲက တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေက ပြောင်းလဲနေသလို ကျွန်တော်တို့ customer တွေရဲ့ type တွေ သူတို့ရဲ့ challenges တွေက လဲ တမျိုးစီပါ။ ဒါကြောင့် ကျွန်တော်တို့ တွေ့တဲ့ customer တွေထဲမှာ educated ဖြစ်တဲ့ customer တွေ အများကြီးရှိပါတယ်။သူတို့နဲ့ ရင်ဘောင်တန်းပြီး ပြောနိုင်ဖို့အတွက် မိတ်ဆွေတို့ အမြဲမပျက်လေ့လာနေဖို့ အရေးကြီးပါတယ်။

ဒါကြောင့်ကျွန်တော်အပေါ်ကပြောခဲ့တဲ့အချက်တွေဟာ အလေ့အကျင့် တစ်ခုအနေနဲ့ အမြဲလုပ်သွားမယ်ဆိုရင် မိတ်ဆွေဟာ တချိန်မှာ Professional Sales person or Closer တစ်ယောက်ဖြစ်လာမှာပါလို့ပြောလိုက်ရင်း မိတ်ဆွေက အခုမှ sales လောက ထဲစဝင်မယ့် ညီငယ် ညီမငယ်တွေဆိုရင် welcome လုပ်ပါတယ်။ မိတ်ဆွေက sales လောကထဲရောက်နေပြီဆိုရင်လဲ sales rep ကောင်းတစ်ယောက်ဖြစ်ပါစေ။ မိတ်ဆွေက sales rep ကောင်း တစ်ယောက်ဖြစ်နေပြီဆိုရင်လဲ professional sales person or closer တစ်ယောက်ဖြစ်ပါစေလို့ ကျွန်တော်ဆုမွန်ကောင်းတောင်းပေးရင်း ကျွန်တော့ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလေးစားလျှက်......



 
 
 

Comentarios


Post: Blog2_Post

Subscribe Form

Thanks for submitting!

09-796534379

©2020 by Ye Thaw Sharing. Proudly created with Wix.com

bottom of page