top of page
Search

" ညဘက် အိပ်ယာဝင်နောက်ကျခြင်းက သင့်ကိုအသက်တိုစေနိုင်လား? 🙄"

ကျွန်တော် ဒီစာကို ရေးတင်ချင်တာတော့ကြာပါပြီ။ ကိုယ်တိုင်က ဘာတွေအလုပ်ရှုပ်လို့ ရှုပ်နေတာမှန်းမသိတာရယ်၊ personal feeling mode က fresh မဖြစ်တာရယ်နဲ့ အခုမှပဲ ရေးတင်ဖြစ်တော့တယ်။ ဒီစာတွေကိုရှာစုပြီး ဖတ်နေတဲ့ အချိန်ကစပြီး ကျွန်တော့ အတွက် psycho ဝင်​တော့တာ ပါပဲ။ ကိုယ်တိုင်က အိပ်ယာဝင်နောက်ကျတာက တကြောင်း အကျင့်လိုဖြစ်နေတာက တကြောင်းကြောင့် ဒီစာတွေ ဖတ်ပြီး စာဆက်ရေးချင် စိတ်တောင်မပေါက်တော့ဘူး။ Aww အိပ်ယာဝင်နောက်ကျလို့ဆိုပြီး ချစ်သူနဲ့ chatting ထိုင်တယ်လို့တော့ မထင်ပါနဲ့ဗျာ ။ ကျွန်တော့အနားမှာရှိတဲ့ ဘော်ဒါ ဆိုလို့ ကျွန်တော့နားမှာ ညတိုင်း အိပ်ပေးတဲ့ ခွေးလေးတကောင်ရယ်၊ Eng movie series တွေရယ်၊ anime series တွေရယ် နဲ့ပဲ အချိန်ကုန်နေတာပါ။ အဲ တခါတလေ စာအုပ်ဖတ် ၊ youtube ကြည့် ၊ nexflix နဲ့ chill ပေါ့ဗျာ။ ကဲ ကြော်ငြာ ဝင်တာတော့ ဒီလောက်ပါပဲ ( by the way admin is available now )။

ကျွန်တော် ဒီ conent ကို အပိုင်း ၄ ပိုင်းနဲ့ ပြောပါမယ်။

အပိုင်း၁ မှာ အိပ်ယာဝင်နောက်ကျတာ အိပ်ရေးမဝတာက အသက်တိုစေလား?

အပိုင်း ၂ မှာ အိပ်ရေးမဝ ရင် သင့်ခန္ဒာကိုယ် ရဲ့ ဇီဝ ဖြစ်စဥ်တွေ ဘယ်လို ပြောင်းလာမလဲ?

အပိုင်း ၃မှာတော့ အိပ်ရေးဝ ဝ အိပ်ခြင်းရဲ့ ကောင်းကျိုးများ

အပိုင်း၄ မှာ စောစောအိပ်ပျော်အောင်ဘာတွေ လုပ်ရမလဲ?

တစ်ခု ကြိုတောင်းဆိုထားခြင်တာက ကျွန်တော်က ဆရာဝန်တယောက်မဟုတ်တဲ့ အတွက် တချို့ အချက်တွေ ပြောဖို့ ကျန်ခဲ့တာမျိုးဆို ကြိုတောင်းပန်ထားချင်ပါတယ်ခင်ဗျ....

ဒါနဲ့ ဆက်ပြောပါဦးမယ် အပေါ်မှာ ပြောထားသလို ညဘက် အိပ်ယာဝင် နောက်ကျတာ အိပ်ချိန်မမှန်တာ အိပ်ချိန်မလောက်တာက အသက်တိုစေပါတယ်။

ဘာကြောင့်လဲ?

ကျွန်တော်တို့ ပုံမှန် adult တယောက်ဆိုအနည်းဆုံး အိပ်ချိန် 7နာရီလောက်ရှိဖို့လိုအပ်ပါတယ်။ ဒီလို ဆိုတဲ့နေရာမှာလဲ တရားသေ တွက်လို့တော့မရပါဘူး။ ဥပမာ အသက်ငယ်တဲ့သူတွေက အိပ်ချိန်ပို လိုကြပါတယ်။ ဥပမာ ဆယ်ကျော်သက်တွေဆို ၈နာရီကနေ ၁၀ နာရီကြားလောက်အိပ်ချိန်လိုပါတယ်။ ( * ကျွန်တော်ဆို ၁၀ တန်းလောက်တုန်းက သာ ဒီ အချက်ကို သိခဲ့ရင် အိမ်ကို ဆန္ဒ ပြမိမှာ ပါ ငယ်ငယ်ကဆို အသက်က ငယ်ငယ်လေးရှိသေးတယ် အ အိပ်မက်မနေနဲ့ မနက်စောစောထ စာလုပ်လို့ ပြောခံခဲ့ ရလို့ပါ )။ ဒီတော့ လုံလောက်တဲ့အိပ်ချိန်ကတော့ တယောက်နဲ့ တယောက်မတူကြပါဘူး။ ပုံမှန် adult ဆိုရင်တော့ 7နာရီလောက်ရှိရင်ရပါပြီ။ ဒီတော့ မိတ်ဆွေကော တနေ့အိပ်ချိန် ၇နာရီ ပြည့်ရဲ့လားဗျ? မပြည့်ဘူးဆိုရင်တော့ နောက်ပိုင်း ညီကိုတို့အတွက် စိုးရိမ်စရာတွေရှိတယ်နော်

အရပ် ၇ပေ ပြည့်တဲ့သူ ရှားသလို နောက်ပိုင်း generation z မှာ စောစော အိပ်တဲ့ ကလေးတွေလဲ စိန်ထက်ရှားလာပါတယ်။ ပုံမှန်အားဖြင့် လူတွေက 11pm ကနေ 7 am လောက်ထိ အိပ်ကြပါတယ်။ အတိုးအလျှော့တော့ ၁နာရီလောက်ရှိပါလိမ့်မယ်။ နောက်တစ်ခုက လူတယောက်မှာ chronobiology ဆိုတာ ရှိပါတယ်။ ဒီ chronobiology က ကျွန်တော်တို့ ကျန်းမာအောင် ပို အသက်ရှည်ရှည်နေနိုင်အောင် ကူညီကောင်းကူညီနိုင်ပါတယ်။ နောက်တစ်ခုလူတယောက်မှာ chronotype လို့ခေါ်တဲ့ သူတို့ကိုညအိပ်ဖို့ အချိန်ရောက်ရင် အသိပေးတဲ့ body clock လိုမျိုးလဲရှိပါတယ်။ တခါတလေဒီ chronotype က ည နက်မှ အိပ်ဖို့ အချက်ပြတာတွေလဲ ရှိပါတယ် သူ့ကို night-owl chronotype လိုခေါ်ပါတယ်။ဥပမာ ကျွန်တော့လိုမျိုးပေါ့ ။ chronotype အကြောင်း အသေးစိတ်သိချင်ရင်တော့ google မှာ ရှာကြည့်လို့ရပါတယ်။ နောက်တချက်က အိပ်ချိန်မမှန်တဲ့သူတွေဟာ သီးခြားကမ္ဘာ တစ်ခုမှာ ရှင်သန်သလို ဖြစ်လာပါတယ်။ ဘာလို့လဲ ဆိုတော့ အိပ်ချိန်စားချိန်က ပုံမှန်လူတွေလို မမှန်တာကြောင့် လူမှု့ဆက်ဆံရေးမှာပါ အားနည်းလာစေပါတယ်။ တခါတလေ အိပ်ယာဝင်နောက်ကျ ပုံမှန်လို အိပ်ယာထရတယ်ဆိုရင်လဲ စိတ်မကြည်တာ ဒေါသထွက်လွယ်တာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခန္ဒာကိုယ်ရဲ့ biological clock ကို လွန်ဆန်တဲ့ force တွေ အရမ်းမပေးပါနဲ့ ။

Ok ဒါဆို

" အိပ်ရေးမဝ ရင် သင့်ခန္ဒာကိုယ် ရဲ့ ဇီဝ ဖြစ်စဥ်တွေ ဘယ်လို ပြောင်းလာမလဲ? "

1. သင်ဖျားဖို့ လွယ်မယ်

ဒီအချက်ကတော့ရှင်းပါတယ်။ သင်သာ အိပ်ရေးမဝ ရင် သင့် ခန္ဒာကိုယ်ထဲမှာ ရှိတဲ့ immune system က ကောင်းကောင်းအလုပ်လုပ်မှာ မဟုတ်ပါဘူး ဒါကြောင့် အပြင်က ရောဂါ ပိုးမွှားတွေကို ခုခံနိုင်မှုအားနည်းတာကြောင့် ဖျားလွယ်ပါမယ်။

2. သင့်ရဲ့ နှလုံး အလုပ်လုပ်ပုံမူမမှန်ခြင်း

European Heart Journal ရဲ့ ဖော်ပြချက်အရ အကယ်၍ သင်က အိပ်ချိန် ၅နာရီထက်နည်းမယ် ၉နာရီထက်များမယ်ဆိုရင် သင့်ရဲ့ နှလုံးက မူမမှန်တော့ပဲ ပိုဆိုးလာမယ်ဆိုရင်နှလုံးရောဂါ ရနိုင်ခြေ များလာပါလိမ့်မယ်လို့ဆိုပါတယ်။

3. ကင်ဆာဖြစ်နိုင်ခြေများလာမယ်

American Academy of Sleep Medicine (AASM) ရဲ့ ဖော်ပြချက်အရ အိပ်ချိန် နည်းတဲ့သူတွေဟာ ကင်ဆာ ဖြစ်နိုင်ခြေများနိုင်တယ်လို့ဆိုခဲ့ပါတယ်။

4. ခရီရေး မတစ်တော့ပါဘူး ( creative မဖြစ်တော့ဘူး)

Experimental Brain Research က လူ ၁၈ယောက်နဲ့ စမ်းသပ်မှု ၂ခု လုပ်ခဲ့ပါတယ်။ ပထမတစ်ခု က ကောင်းကောင်း အိပ်ဆက်စေခဲ့တယ်။ ဒုတိယ တစ်ခုက မအိပ်ပဲ ညလုံး​ပေါက်နေခိုင်းခဲ့တယ်။ ဒီ စမ်းသပ်ချက်မှာ တွေ့ခဲ့ရတာက သူတို့ရဲ့ အတွေးတွေ၊ memory တွေ၊ decision-making လုပ်ပုံတွေက အစ သိသိသာသာ ကွာနေတာကိုတွေ့ခဲ့ကြပါတယ်။

5. သတိမေ့လာတယ်

ကျန်တဲ့သူတွေတော့ မပြောတတ်ပေမယ့် ကျွန်တော့မှာတော့ ဖြစ်တယ်။ တခါတလေ ပစ္စည်းကို ဘယ်နားထားလို့ထားလိုက်မိမှန်းမသိတာ file ကို ဘာname နဲ့ save လိုက်မှန်းမသိတာ ဘာပြောခဲ့မှန်း မသိတာ စတာတွေ ဖြစ်လာစေပါတယ်။

6. ယောကျာ်းလေးတွေ ဘာညာကွိကွ စွမ်းဆောင်နိုင်မှုနည်းလာမယ်

စမ်းသပ်မှုတစ်ခုအရ ယောကျာ်းလေးတစ်ယောက်ကို တစ်ပတ်အတွင်း အိပ်ချိန်မမှန်စေပဲ စမ်းသပ်တဲ့အခါ testosterone level ကျလာပါတယ်။၅ နာရီလောက်ပဲ ပုံမှန်အိပ်တဲ့သူတွေက ပုံမှန်လူတွေထက် sex hormone level 10% ကနေ 15% လောက်ထိ ကျပါတယ်။( ကဲ စောစော အိပ်ကြပါ ငါ့ကောင်တို့ )

7. ဝိတ် တက်စေတယ်

စမ်းသပ်မှု တစ်ခုအရအလေးချိန် တူတဲ့ လူ၂ယောက်ကို ၁ယောက်ကို ၅နာရီသာ အိပ်စေပြီး နောက်ကတယောက်ကို ၇နာရီ အိပ်စေခဲ့ပါတယ်။ နေ့စဥ် စားသောက်မျု ပုံစံများကို အတူတူသာရှိစေခဲ့ပြီး စမ်းသပ်ခဲ့တဲ့အခါ ၅နာရီသာ အိပ်ခဲ့တဲ့ လူက ပေါင်ချိန် သိသိသာသာ တက်နေတာတွေ့ခဲ့ပါတယ်။

8. ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ချေများခြင်း

​နေ့စဥ်အိပ်ချိန် ၅နာရီ လောက်အိပ်တဲ့သူနဲ့ ၉နာရီနဲ့ အထက်အိပ်တဲ့သူတွေမှာ ဆီးချိုသွေးချို ဖြစ်နိုင်ချေ ပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

9. ယာဥ်မတော်တဆမှု ဖြစ်စေနိုင်

အိပ်ရေးမဝတဲ့သူတွေဆိုရင် ယဥ် မတော်တဆ မှုတောင်ဖြစ်နိုင်ပါသေးတယ်။

10. အသားအရေ အိုမင်းရင့်ရော်မှုမြန်ခြင်း/ အသားမလပ်ခြင်း

အိပ်ရေးမဝတဲ့ သူတွေဟာ ပုံမှန်မဟုတ်တဲ့ အသားအရောင်တွေ ပြောင်းလာပြီး ညှင်းသိုးသိုးတွေဖြစ်လာစေပါတယ်။

ဒါကတော့ဆိုးကြိုးတွေဖြစ်ပါတယ်။ကဲဒီလောက်ဆို ကျွန်တော်တို့သေလို့ရလောက်ပြီနော်။

" အိပ်ရေးဝ ဝ အိပ်ခြင်းရဲ့ ကောင်းကျိုးများ "

1. အိပ်ခြင်းက သင့်ရဲ့ stress တွေကိုလျှော့ချပေးတယ်

ကောင်းမွန်စွာ အိပ်ပျော်ခြင်းကာသင့်ရဲ့ ဖြစ်ပျက်ခဲ့တဲ့ တနေ့တာ stress တွေကို ဖြေလျှော့ပေးပါတယ်။

2. အိပ်ခြင်းက သင့်ရဲ့ မှတ်ဉာဏ် စွမ်းအားကို တိုးတက်စေတယ်

သင်ရဲ့ ခန္ဓာကိုယ်ကို အနားပေးလိုက်တဲ့အခါ သင့် ဦးနှောက်ကသူရဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို စပြီး အလုပ်လုပ် ပါတယ်။ ဒါကြောင့် အိပ်ချိန်ပြည့်ဝအောင်အိပ်ခြင်းက သင့် ဦးနှောက်ကို လုံလောက်တဲ့အချိန်ပေးနိုင်တာကြောင့် ကောင်းကောင်းအလုပ်လုပ်ပေးနိုင်ပါတယ်။

3. အိပ်ခြင်းက သင့်ရဲ့ blood pressure ကို ချိန်ညှိပေးနိုင်တယ်

Blood pressure အရမ်းများလာတဲ့အခါ heart attack ဖြစ်ဖို့ chance ပိုများပါတယ်။ ဒါကြောင့် အိပ်ချိန် ပုံမှန်နဲ့ ပြည့်ဝအောင်အိပ်ခြင်းက သင့်ရဲ့ blood pressure ကိုချိန်ညှိပေးနိုင်ပါတယ်

4. အိပ်ခြင်းက ခန္ဓာကိုယ် ရဲ့ resistance ကိုကောင်းစေတယ်

အိပ်နေတဲ့အချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ် က ပိုကြံ့ခိုင်စေဖို့နဲ့ immune system ကောင်းမွန်စေဖို့ protein molecules တွေ ထုတ်ပေးပါတယ်။

5. အိပ်ခြင်းက ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပေးနိုင်တယ်

ဆိုလိုချင်တာက အိပ်တာနဲ့ ဝိတ်ကျတယ်လို့ဆိုလိုချင်တာမဟုတ်ပါဘူး။ ပုံမှန် ဝိတ်ကျစေဖို့ diet လုပ်တာတို့ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်တွေမှာ အိပ်ချိန်ပုံမှန်ရှိဖို့လဲ လိုအပ်ပါတယ်။

6. အိပ်​​ခြင်းကလူမှုဆက်ဆံရေးပိုကောင်းစေတယ်

ဒါကတော့ directly မဟုတ်ပေမယ့် Psychology အရ အိပ်ချိန် ပုံမှန်ရှိခြင်းက better mood ဖြစ်စေပါတယ်။ သင့်ရဲ့စွမ်းဆောင်ရည်ပိုကောင်းစေတယ်၊စိတ်ကိုလွတ်မထွက်သွားအောင်ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိတယ်။ဥပမာ စိတ်မတိုလွယ်ဘူး ဒေါသမထွက်လွယ်ဘူး။

7. အိပ်ခြင်းက ဆီးချို သွေးချို ဖြစ်မှုနှုန်းကိုလျှော့ကျစေတယ်

လုံးဝကာကွယ်နိုင်တယ်လို့ဆိုလိုတာမဟုတ်ပေမယ့် အိပ်ချိန်ပုံမှန်ရှိခြင်းက ဆီးချိုသွေးချို ဖြစ်မှုနှုန်းကို လျှော့ကျစေပါတယ်။

8. အိပ်ခြင်းက သင့်နှလုံးကျန်းမာရေးကိုကောင်းစေတယ်

ကောင်းမွန်စွာအိပ်စက်ခြင်းက သင့်နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရောဂါ ဖြစ်မှုနှုန်းကို လျှော့ကျစေပါတယ်။

9. အိပ်ခြင်းက သင်ရဲ့ နာကျဥ်မှုတွေကိုလျှော့ကျစေတယ်( စိတ်)

အိပ်ခြင်းက သင့်ရဲ့ စိတ်နာကျဥ်မှုတွေကိုလျှော့ကျစေပါတယ်။ဒါကြောင့် ရည်းစားတွေ ပျက်ကျတဲ့အခါ မအိပ်မနေ မ feel နေကြပါနဲ့ ကိုယ့်အပေါ်မကောင်းလို့ ထားသွားတာ ခံစားနေမယ့်အစားကောင်းကောင်းစား ကောင်းကောင်းသာ အိပ်ပလိုက်ပါ ။

10. အိပ်ခြင်းက သင့်ကိုပိုပြီး smart ကျစေပါတယ်

ညဘက်မှာကောင်းကောင်းအိပ်ထားတာကြောင့် အပေါ်က အချက်တွေကို အထောက်အကူပြုစေတဲ့အတွက် ခန္ဓာ စိတ် ဥတု အာဟာရ အားလုံး fine နေတော့ အထာကျပြီပေါ့ဗျာ။

ဒါကတော့ကောင်းကြိုးတွေပါ။

" စောစောအိပ်ပျော်အောင်ဘာတွေ လုပ်ရမလဲ? "

1. နေ့ဘက်မှာ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာတွေမှာ နေခြင်း

Psychology သဘောအရ သင်တို့ရဲ့ ခန္ဓာကိုယ် ထဲမှာ circadian rhythm ဆိုတာရှိပါတယ်။ circadian rhythm ဆိုတာ အတိုချုံး ပြောရရင် သင့်ရဲ့ ဦးနှောက် အလယ်ထဲကနေရာသေးသေးလေးမှာရှိတဲ့အရာပါ။သူရဲ့ လုပ်ဆောင်မှုက အလင်းအမှောင်ပါ်မူတည်ပြီး အလုပ်လုပ်ပါတယ်။ သူ့ကို body's clock လို့လဲခေါ်ပါတယ်။သူက အမြဲပြောင်းလဲပါတယ်။ အလင်းmode ဆို စိတ်ကောင်းရှိတယ်ဘာညာစသည်ဖြင့် အမှောင်ဆို depression ဝင်တယ် ဘာညာ စသည်ဖြင့်ပါ။ ဒါကြောင့် သင်က အလင်းဘက်မှာရှိဖို့ အလင်းရောင်ရှိတဲ့နေရာမှာ တနေ့တာ များများနေသင့်ပါတယ်။

2. သင့်ရဲ့ နေ့လည် နေ့ခင်း မှာ blue light exposure ကိုလျှော့ပါ

အလင်းမှာတောင် ကောင်းကျိုးပေးတဲ့ အလင်းရှိသလို ဆိုးကြိုးပေးတဲ့အလင်းဆိုတာလဲရှိပါသေးတယ်။ ဒါကြောင့် အပြာရောင်အလင်းကို လျှော့ပါ။ ဘယ်လိုလျှော့မလဲ?

*ဖန်ထည်ပစ္စည်းတွေများများအနားမှာထားပါ( ဖန်က အပြာရောင်အလင်းကို တန်ပြန်စေပါတယ်)

*အကယ်၍ သင် computer သုံးရင် f.lux software ကို down ထားပါ။အောက်က လင့်မှာ down ယူလိုက်ပါ https://justgetflux.com

*smartphone တွေမှာ blue light filter mode ထားသုံးပါ

*အိပ်ယာမဝင်ခင် ၂နာရီ အလိုအတွင်းမျာ TV ကြည့်ခြင်းblue light အလင်းပါသော အလင်းများ ချိန်ညှိထားခြင်ရှောင်ပါ။

3. ညနေဘက် caffeine မှီဝဲခြင်းရှောင်ပါ

Caffeine ဓာတ်က သင့်ရဲ့ ခန္ဓာကိုယ် လုပ်ဆောင်မှုကို ကမောက်ကမ ဖြစ်စေပါတယ်။ caffeine ဓာတ်က သင့်ရဲ့ သွေးထဲမှာ 6နာရီကနေ 8နာရီထိ နေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်နောက်ကျမှ coffee သောက်ခြင်း လက်ဖက်စားခြင်းကို ရှောင်ပေးပါ

4. အိပ်ချိန် ထချိန်ပုံမှန်ဖြစ်အောင်ကြိုးစားပါ

သင့်ခန္ဓာကိုယ်ထဲက circadian rhythm က နေထွက်ချိန် နေဝင်ချိန်နဲ့ align ဖြစ်နေရင်အဆင်ပြေပါပြီ။ အစပိုင်းမှာ ပြဿနာရှိနိုင်ပေမယ့် သင့် body's clock က ပုံမှန်အလုပ်လုပ်လာရင် အကျင့်ဖြစ်ပြီး အဆင်ပြေပါပြီ။

5. Melatonin သုံးဆွဲခြင်း

ဒါကတော့ ဆရာဝန် နဲ့အရင်တိုင်ပင်သင့်ပါတယ်။အကယ်၍ ကိုယ်က လုံးဝ control မလုပ်နိုင်ရင်တော့ ဆရာဝန် ညွှန်ကြားချက်နဲ့ melatonin သောက်သုံးလို့ရပါတယ်။

6. အခြား side effect နည်းတဲ့အိပ်ပျော်စေမယ့် ဆေးတွေသောက်ကြည့်ပါ

* Ginkgo Biloba *Glycine *Valerian root *Magnesium *L-theanine *Lavender

7. သင့် အိပ်ခန်းကို စီစစ်ပါ

အိပ်တဲ့အခါ ကိုယ်အိပ်တဲ့ညပတ်ဝန်းကျင်ကလဲ အရေးကြီးပြန်ပါသေးတယ်။ပထမဆုံး သင့် အိပ်တဲ့ပတ်ဝန်းကျင်မှာရှင်းလင်းနေအောင်လုပ်ပါ။ ဆူညံနိုင်တဲ့ပစ္စည်းတွေ တတ်နိုင်သလောက်ရှောင်ထားပါ။ အိပ်အခင်းခေါင်းအုံး စောင် အကုန်ကို ညစ်ပတ်မနေစေပဲ သန့်သန့်ရှင်းရှင်းထားပါ။

8. အိပ်ခန်း temperature ကို set လုပ်ပါ

အကယ်၍ သင့်အိပ်ခန်းမှာ aircon ရှိတယ်ဆိုရင်တော့ room temperature ကို 70ံF (20ံC) မှာထားတာက ​အနားယူဖို့ အကောင်းဆုံးပါပဲ

9. ညစာ နောက်ကျမှ မစားပါနဲ့

လေ့လာတွေ့ရှိချက်အရ ညမအိပ်ခင် ၄နာရီ လောက်အလိုမှာ ဘာမှ မစားတော့ခြင်းက ပိုပြီးမြန်မြန် အိပ်ပျော်စေတယ်လို့ဆိုပါတယ်။

10. မအိပ်ခင် relaxing bath လုပ်ပါ။ တရားထိုင်ပါ

အနောက်တိုင်းမှာတော့ ရေးချိုးဇလုံထဲ wine လေးနဲ့ chill တာက relax ဖြစ်စေပြီး နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်စေတယ်လို့ဆိုပါတယ်။ဒါကြောင့် မအိပ်ခင် relaxing bath လုပ်ပေးပါ။ ရေချိုးပြီးရင် လူကပုံမှန်ထက် လန်းဆန်းနေတာမို့ meditation လုပ်လို့ကောင်းပါတယ်။ စိတ်စုစည်းနိုင်မှု ပိုကောင်းတာကြောင့် သင်အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်စေပါတယ်။

ဒါကြောင့် ကြိုးစားပြီး black part ကနေ အကောင်းဆုံးရုန်းထွက်နိုင်စေဖို့ FA လေး မင်မင်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။( LOL နောက်ဆုံးထိ စျေးဗန်းက ခင်းတုန်း)


 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

09-796534379

©2020 by Ye Thaw Sharing. Proudly created with Wix.com

bottom of page